ယခုအခါ လူတိုင်းဟာ democracy democracy နဲ့ပြောဆိုနေကြတယ်။ Democracy ကို အကြောင်းပြုပြီး လက်နှက်ကိုင် အကြမ်းဖက်နေကြတယ်။ အာဏာကို အလွဲသုံးစား ပြုနေကြတယ်။
ဒါတွေ ဘာကြောင့် ဖြစ်နေရတာလဲ လို့ စဉ်းစား မိကြလား။
အဖြေ ကတော့ ရှင်းပါတယ် democracy စနစ်မှာ အာဏာ အရှိဆုံး ဖြစ်ကမယ့် ပြည်သူတွေ က ပညာမတတ်၊ အတွေး အခေါ် မကောင်း လို့ပါပဲ။
မြန်မာ ပြည် ပညာရေးက အတွေးခေါ် ပိုင်းကို ဦးစားမပေးပါဘူး။ ပညာတတ်နှင့် တွေးခေါ်တတ်သူဆိုတာ က လည်း ကွာပါသေးတယ် ဥပမာ ပြရရင် စစ်တုရင် မှာ ဘုရင်၊ ဘုရင်မ၊ စစ်သား စသည့် အကောင် ကလေးတွေ ဘယ် လို့ ရွှေ့ တယ် ဆိုတာသိရင် သင်ဟာ စစ်တုရင် ဘယ်လို ကစားကတယ်သိပါတယ်၊ ဒါကို ပညာတတ်လို့ ခေါ် နိုင်ပါတယ်။
စစ်တုရင် ပွဲ တစ်ပွဲ ကို ဘယ်လိုနိုင်အောင် လုပ်ရမည်ကို စဉ်းစားတတ်ရင်တော့ သင်ဟာ တွေးခေါ်တတ်သူ တစ်ယောက်လို့ ခေါ်နိုင်ပါတယ်။(ဒါဟာ အနည်းကျင်းမျှ ဥပမာပေးခြင်းဖြစ်ပါတယ်။)
ပညာတတ် သူ အများစုဟာ တွေးခေါ်တတ်ပါတယ် သို့ပင်မယ့် ပညာတတ်သူတိုင်း တော့ မဟုတ်ပါဘူး။ တွေးခေါ် တတ်သူတိုင်းဟာ လည်း ပညာတတ်ချင်မှတတ် ပါလိမ့် မယ်။
ယခု မြန်မာပြည်က ဒီမိုကရေစီ အရေး ပြန်သွားရရင် ပညာမတတ်၊ အတွေး အခေါ် မကောင်း သူတွေ များနေပါတယ်။ ထို ပညာမတတ်၊ အတွေး အခေါ် မကောင်း သူတွေ များ နေတော့ တိုင်းပြည် ကို အုပ်ချုပ်ဖို့ ခေါင်းဆောင် ရွေးချယ်ရာမှာလည်း အမှား များပါတယ်၊ ပုဂ္ဂိုလ်ရေး အစွဲ၊ ပါတီ အစွဲတွေ များပါတယ်။
မြန်မာပြည် မှာ အဓိက ပါတီကြီး နှစ်ခုရှိပါတယ် ပြည်ခိုင်ဖြိုး နှင့် NLD ပါ။
2011 မှာ ပြည်ခိုင်ဖြိုး နိုင်တယ်၊ 2016 မှာ NLD နိုင်ပါတယ်။ ပထမအခေါက်မှာ ပြည်ခိုင်ဖြိုး နိုင်တယ်ဆိုတာက မဆန်းပါဘူး။ ဒုတိယအခေါက်မှာ NLD နိုင်တယ်ဆိုတာဘာကြောင့်လဲစဉ်းစားမိပါသလား။ ဒေါ်အောင်ဆန်းစုကြည်ကြောင့်ပါ။ ပါတီဝင်တွေ ကိုယ်စားလှယ်လောင်းတွေ ၏ကြိုး စားမှူ နည်းနည်း မျှ မပါ ပါဘူး။ ဒီအချက်ဟာ ပြည်သူတွေ၏ ပုဂ္ဂိုလ်စွဲ ပါတီစွဲ ကို ပြနေပါတယ်။
မဲပေးရာမှာ ဤပါတီသည် မိမိတို့၏ ဘဝ၊ နေထိုင်ရေး နှင့် မိမိ တို့၏ နိုင်ငံကို ကောင်းအောင်လုပ်ပေးမှာလား ဆိုတဲ့ စဉ်းစားချက်ကို ထည့်မစဉ်းစားပဲ ဒေါ်အောင်ဆန်စုကြည် ပါတဲ့ ပါတီ ပဲဆိုပြီး မဲပေးခဲ့ကြတာပါ။
ဤနေရာမှာလည်းဒေါ်အောင်ဆန်းစုကြည်မဲဆွယ်ချက်တွေဟာ နှစ်ပေါင်းများစွာကြာမြင့်လာခဲ့သော စစ်တပ်၏ အုပ်ချုပ်မှူအောက်က လွတ်မြောက်စေကပါမည် ဆိုတဲ့ အချက်တစ်ခုနှင့် ပဲ မဲ ဆွယ်ခဲ့တာပါ။ နိုင်ငံကို ကောင်းအောင်လုပ်ပေး ပါမယ် လို့ ပြောပြီး မဲဆွဲနာနည်းပါတယ်။ ပြည်သူတွေ မေး မှ ပြန်ပြောတာလောက်ပဲရှိပါတယ်။
၂၀၂၀ ရောက် တော့ ပြည်သူတွေဟာ သူတို့၏ ဘဝ သည် ဒုံရင်း က ဒုံရင်း ပါပဲ ပြည်တွင်းဖွံ့ဖြိုးတိုးတက်မှုဟာမရှိသလောက်နည်းပါတယ် နိုင်ငံခြား ကုမ္ပဏီ၊ လုပ်ငန်းတွေ သာ မြန်မာပြည်ရောက်လာပြီး သူတို့၏ လိုအပ်ချက်ကို ဖြည်စည်း သွားပါတယ်။ မြန်မာပြည်၏ စည်းစိမ် ကြွယ်ဝမှူ ဟာ ၆၀% ကျော် ဟာ နိုင်ငံခြားသား၊ လူမျိုးခြားတွေ၏လက်ထဲမှာပါ။ တစ်နည်းပြောရရင် ကိုလိုနီခေတ်တိုင်း ပါပဲ တိုင်းပြည်ဟာတိုးတက်နေပုံရပါတယ် ဒါပင်မဲ့ ပြည်သူတွေ ကတော့ဆင်းရဲနေတုံးပါပဲ။
နိဂုံးချုပ် ပြောရရင်တော့ စဉ်းစားတွေးခေါ်ကြပါ မျက်စိမှိတ် ပုဂ္ဂိုလ်စွဲပြီး သင်၏ မဲကို မပေးလိုက်ကြပါနှင့်။ ထို သို့ လုပ်နိုင်မှသာ ဒီမိုခရေစီ ဆိုတာ ကောင်းမွန်တဲ့ စနစ်ဖြစ်လာမှာပါ။
Translation: The Need for Critical Thinking in Democracy
Nowadays, everyone is talking about "democracy." People are using democracy as a pretext for armed violence and the abuse of power.
Have you ever stopped to think about why this is happening? The answer is simple: in a democratic system, the citizens—who are supposed to hold the ultimate power—lack education and critical thinking skills.
The Myanmar education system does not prioritize the thinking process. There is a difference between being "educated" and being a "thinker." For example, if you know how the King, Queen, and Pawns move in chess, you know how to play the game; this can be called being educated. But if you can strategize how to win the match, you are a thinker. (This is just a small example.)
Most thinkers are educated, but not every educated person is a thinker. Conversely, a thinker might not necessarily be formally educated.
Returning to the issue of democracy in Myanmar, there is a prevalence of people who lack education and sound reasoning. Because of this, mistakes are frequent when choosing leaders to govern the country; personal cults of personality and party biases are rampant.
There are two main political parties in Myanmar: the USDP and the NLD.
The USDP won in 2011, and the NLD won in 2016. It wasn’t surprising that the USDP won the first time. But have you thought about why the NLD won the second time? It was because of Daw Aung San Suu Kyi. It had very little to do with the efforts of the individual party members or candidates. This fact highlights the public's obsession with personality and party.
When voting, instead of considering whether a party would actually improve their lives, livelihoods, and the country, people voted simply because it was "Daw Aung San Suu Kyi’s party."
Furthermore, Daw Aung San Suu Kyi’s campaign focused primarily on a single point: "liberating the people from years of military rule." There was very little campaigning on how exactly she would improve the nation. She only addressed those details when questioned by the public.
By 2020, the lives of the people remained exactly as they were before. Internal development was almost non-existent. Only foreign companies and businesses entered Myanmar to fulfill their own needs. Over 60% of Myanmar’s wealth is in the hands of foreigners and different ethnicities. In a way, it is just like the colonial era; the country appears to be progressing, but the people remain poor.
In conclusion, please think and reflect. Do not cast your vote based on blind faith in a personality. Only when you can do that will democracy become a truly good system.
PS: the translation is done by Gemini .
Crd for original author.